နောင်ချိုမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါထပ်ဆောင်း ကာကွယ်ဆေးဆက်လက်ထိုးနှံပေး

နောင်ချို ဇန်နဝါရီ ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊  ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးများကို သတ်မှတ်ဦးစားပေး အုပ်စုအလိုက်  ထိုးနှံပေးလျက်ရှိရာ အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါထပ်ဆောင်း ကာကွယ်ဆေး (Booster Dose) တတိယအကြိမ် ထိုးနှံ ပေးခြင်းကို ယနေ့နံနက် ၁၀နာရီအချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထပ်ဆောင်း ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက အသက် ၅နှစ်မှ ၁၂နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါထပ်ဆောင်း ကာကွယ်ဆေး Sinopharm စတင်ထိုးနှံပေးလျက်ရှိပြီး  ကာကွယ်ဆေးထိုးနှံပေးရာသို့ သက်ဆိုင်ရာ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများကဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ထပ်ဆောင်း ကာကွယ်ဆေးကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၄) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၂၄၀၉ ဦးအား ထိုးနှံပေးသွားမည်ဖြစ်ပြီး ယနေ့တွင် ကျောင်းသား၊ ကျောင်းသူ (၅၇၉)ဦး ထိုးနှံပေးခဲ့ကြောင်းနှင့် ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း သက်ဆိုင်ရာကျောင်းများအလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထွေးငယ် (နောင်ချို၊ ပြန်/ဆက်)