ဂွ ဇန်နဝါရီ ၁၈
ရခိုင်ပြည်နယ် ဂွမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်းမှ (နိုင်ငံတော်ထောက်ပံ့ငွေ)ဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား မြို့နယ်ဦးစီးမှူးဦးထွန်းလင်းကျော်က ယနေ့နံနက်ပိုင်းက မကျေးငူကျေးရွာအုပ်စုအတွင်း ကွင်းဆင်းစစ် ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါမကျေးငူကျေးရွာ ရွာတွင်းကွန်ကရစ်လမ်းလမ်းခင်းခြင်းလုပ်ငန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်းမှ (နိုင်ငံတော်ထောက်ပံ့ခွင့်ပြု ရန်ပုံငွေ) ကျပ် သန်းပေါင်း(၁၄.၇)အကုန်ကျခံခဲ့ပြီး လမ်းအရှည်(၆၀၀)ပေ၊ အကျယ်(၁၀)ပေ၊ လမ်းထု (၆)လက်မရှိ ကွန်ကရစ်လမ်းသစ်ကြီးကို ကျေးရွာကော်မတီဝင်များကတာဝန်ယူ ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်