နွားထိုးကြီး ဇန်နဝါရီ ၁၈
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့တွင် အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ (၁၂)နှစ်ထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးကို ယနေ့နံနက် ၉ နာရီက ဂွေးပင်တော (မူလွန်)၊ ထန်းဇင်(အမက)၊ ထန်းခွ-တ(အမက)၊ ထန်းဂွ-မ(အလက)၊ စိန်ပန်းကန်(အလ က)၊ ဖက်ခူး (အမက)၊မှက္ခရာ(အမက)၊အုတ်တွင်း(အမက)၊ တောကန်ကြီး(အမက)၊ နရွဲတော(အမက)ကျောင်းတို့ ၌ ဆေးထိုးစုရပ်များခွဲ၍ တတိယအကြိမ် ဆက်လက်ထိုးနှံပေးခဲ့သည်။
ကိုဗစ်-၁၉ ရောဂါထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိက အခန်းကဏ္ဌတွင် ပါဝင်သည့် လုပ်ငန်းဖြစ်သောကြောင့် ကျောင်းသား၊ကျောင်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်နိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ပညာရေးဦးစီး ဌာန၊ ကျန်းမာရေးဦးစီးဌာနတို့၏ ကူညီဆောင်ရွက်မှုဖြင့် ယနေ့တွင် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူ (၉၄၀)ဦး၊စုစုပေါင်း(၅၂၉၂)ဦးကို သက်ဆိုင်ရာကျောင်းများအလိုက် ကျောင်းအုပ်ဆရာကြီးများ၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ကျန်းမာရေးဝန်ထမ်းများ ကထိုးနှံပေးခဲ့ပြီး ကျန်ရှိနေသာ ကျောင်းသား၊ကျောင်းသူများကို ဆက်လက်ထိုးနှံပေးမည် ဖြစ်ကြောင်းသိရသည်။
သန်းအောင်ဇော်