ဝမ်းတွင်း ဇန်နဝါရီ ၁၈
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲများကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မူမြစောက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲများ ကျင်းပပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အခြေခံပညာအထက်တန်းကျောင်းခွဲ၊ ဝမ်းတွင်း(၁)ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများက စာစီစာကုံးပြိုင်ပွဲများနှင့်ပတ်သက်၍ စည်းမျဉ်းစည်းကမ်းချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ယင်းနောက် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိခဲ့သူ ကျောင်းသား ကျောင်းသူများအား တာဝန်ရှိသူများက ဒိုင်းဆုနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲများကို အခြေခံပညာအထက်တန်းကျောင်းခွဲ၊ ဝမ်းတွင်း(၁)မှ ကျောင်းသား ကျောင်းသူ (၂၀)ဦးက ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆရာ/ ဆရာမများနှင့် ကျောင်းသားမိဘများ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။
ဋ္ဌေးလှိုင်