ညောင်ဦး ဇန်နဝါရီ ၁၈
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်တောင်သူများသည် မြေအောက်ရေကို ဆိုလာစနစ်တပ်ဆင် ရေထုတ်ယူသုံးစွဲလျက်ရှိကြရာ ဆိုလာစနစ်ဖြင့် စိုက်ပျိုး ရေးလုပ်ငန်းလုပ်ကိုင်သူများ အဆင်ပြေနေလျက်ရှိကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည်ပတ်ဝန်းကျင်ကျေးရွာများသည် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြသည့် ကျေးရွာများဖြစ်ကာ ရာသီပေါ်သီးနှံများ စိုက်ပျိုးခြင်း၊ နှစ်ရှည်ဥယျာဉ်ခြံ စိုက်ပျိုးခြင်းများဖြင့် စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်ကြရာ ဒီဇယ်ဆီ၊ ဓာတ်ဆီ သုံးစွဲမှုများပြားကြပြီး တောင်သူကြီးတစ်ဦး စက်သုံးဆီသုံးစွဲမှု တစ်ရက် ၃၅၀၀၀ ကျပ်ကုန်ကျစရိတ်ရှိကြောင်း၊ စက်ဆီဖိုးများ ကာမိစေရန်အတွက် စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်သူများ ဆိုလာစနစ်ဖြင့်မြေအောက်ရေထုတ်ယူကာ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်မှုများလာကြောင်း၊ မြေအောက်အဝီစိတွင်းများမှ ရေကို ရေဒိတ်အနက်ပေ ၁၄၀ ရှိရေကို 3hp sumarsable pump နှစ်လမရေထွက်ကို ဆိုလာ ၅၅၀ ဝပ်၊ ၈ ချပ်တပ်ဆင် ပြီး pumping inverter 4kw တပ်ဆင်၍ စိုက်ပျိုးရေးအတွက် ဆိုလာတပ်ဆင်မှုများလာနေကြောင်း ၊ AC pump ၊DC pump နှစ်မျိုးရှိ တောင်သူများအားသာသည့် စနစ်ကို တပ်ဆင်ပေးကြောင်း ၊နံနက် အလင်းရောင်လာချိန်၊ နေစတင်ထွက်ချိန်မှ စကာ နေဝင်ချိန်ထိ ရေမပြတ်ထွက်ရှိခြင်းကြောင့် စိုက်ခင်းများရေသွင်းပြီးချိန် ရေလှောင်အုတ်ကန်ကြီးများဖြင့် ရေသိုလှောင်ထားကြကြောင်း၊ ခုနှစ်ဧက၊ ရှစ်ဧကစိုက်အကျယ် စိုက်ခင်းများကို ရေလုံလုံလောက်လောက် ပေးနိုင်ကြောင်း၊ ဆိုလာစနစ်တပ်ဆင်ခ သိန်း(၆၀)ခန့်ကုန်ကျကြောင်း၊ စက်ဆီဈေး၊ စက်ဈေးတွေ ကြီးမြင့်နေချိန် ဆိုလာစနစ်ဖြင့် မြေအောက်ရေတင် အသုံးပြုစိုက်ပျိုးရေး လုပ်ကိုင်သူ တစ်ဦးစ၊ နှစ်ဦးစမှ နောက်ထပ် ဆိုလာတပ်ဆင်လိုသူများ များပြားလာနေကြောင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ လဲဂွကျေးရွာ ဆိုလာစနစ်ဖြင့် ရေတင်စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေသည့် ဦးတင်ထွန်းအောင်က ရှင်းပြ၍ သိရသည်။
ဒီပါလင်း