မြောက်ဦး ဇန်နဝါရီ ၁၈
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်အထွထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြောက်ဦးခရိုင်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရှေ့တန်းအမှတ်(၅၅)၊ ခြေလျှင်တပ်မဌာနချုပ်၊ တပ်မမှူးတက်ရောက်ပြီး မြောက်ဦးခရိုင်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးစသော ကန္တဆိုင်ရာများ ဘက်စုံဖွံ့ဖြိုးတိုး တက်ရန်အတွက် ပူးပေါင်းလုပ်ဆောင်ကြရန် အိမ်ထောင်စုစာရင်းကောက်ယူရာတွင် စာရင်း အမှန်ရရှိရေး၊ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုအမျိုးအစားအလိုက် ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့်ဆောင်ရွက်ကြရန်၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ မြေဂရန်ရရှိရေး လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်ရန်၊ ဆိုင်ကယ်လိုင်စင်၊ ယဉ်မောင်းလိုင်စင်များအား မြို့နယ်အတွင်းကျန်ရှိသော ဆိုင်ကယ်များကို နောက်တစ်ကြိမ် လာရောက်လုပ်ပေးနိုင်ရန်အတွက် ပြည်နယ်အစိုးရကိုတင်ပြတောင်းခံရန်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို အများပြည်သူများသိရှိနိုင်ရန်အတွက် အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်ကြရန်တို့ကို ပြောကြားခဲ့သည်။ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင် မှလည်း မြောက်ဦးမြို့နယ်အတွင်း အိမ်ထောင်စုစာရင်းကောက်ခံရာတွင် ကောက်ကွက် (၁၄၈) ကွက်ဖြင့် ကောက်ခံလျက်ရှိပြီး ခရိုင်အတွင်းရှိ စာရင်းကောက်ယူအားနည်းသော မြို့များကို အင်တိုက်အားတိုက်ကောက်ယူကြရန်နှင့် မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ကာကွယ်ဆေး ကျောင်းသား/ ကျောင်းသူများ ဆေးထိုးနှံမှုအခြေအနေတို့ကို ပြောကြားခဲ့သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူး ကြီးတင်ထူးလှိုင်မှလည်း ကျောင်းသား/ကျောင်းသူ များအသက် အရွယ်အလိုက်ထိုးနှံပြီးစီးမှုအခြေအနေနှင့် ဌာနဆိုင်ရာများပူးပေါင်းလုပ်ဆောင်ရာတွင် ယခုထက်ပိုမို အင်တိုက်အားတိုက်လုပ်ဆောင်ကြရန် တို့ကိုလည်းကောင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယ ရဲမှူးကြီးခင်မောင်စိုးက မြို့နယ်အတွင်းရှိ လမ်းစည်းကမ်းနှင့် ယာဉ်စည်းကမ်းများ အသိပညာပေးဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ကြက်ဈေးရပ်ကွက်တွင် မီးပွိုင့်ဆောင်ရွက်ပြီးစီးမှုအခြေအနေတို့ကို ပြောကြားခဲ့သည်။ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဒေသကိုယ်စားလှယ် ဦးထွန်းကျော်မှလည်း (Working Group) မြေမြင်ကွင်းဆင်းစာရင်းကောက်ယူရာတွင် လူဦးရေစာရင်းတိကျမှန်ကန်စေရန် ဆောင်ရွက်လျက်ရှိသည်တို့ကို ပြောကြားခဲ့သည်။ ထို့နောက် ခရိုင်မီးသတ်ဦးစီးမှူးမှလည်း ပွင့်လန်းရာသို့ရောက်ပြီလာဖြစ်ရာ မီးဘေးအန္တရာယ်ကြိုတင်ကာ ကွယ်ရေးအတွက် ဆက်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ခရိုင်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ခရိုင်ဦးစီးမှူးမှလည်း မြေပြင်ကွင်းဆင်းကောက် ယူမှုအခြေအနေနှင့် မြို့နယ်အလိုက် ကွင်းဆင်းကောက်ယူရာတွင် (၇၅)ရာခိုင်နှုန်းပြီးစီးနိုင်ရန်အတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိသည်တို့ကို ပြောကြားခဲ့သည်။ ဆက်လက်၍ ရှေ့တန်းအမှတ်(၅၅)၊ ခြေလျှင်တပ်မဌာနချုပ်၊ တပ်မမှူးမှ ဌာနဆိုင်ရာ အချင်းချင်းပူးပေါင်းဆောင်ရွက်ကြရန်နှင့် မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တိုး တက်အောင်မြင်အောင်လုပ်ဆောင်ကြရန်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများမှ လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအပေါ် အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။
မြင့်စိုး ၊ စိုးငြိမ်းနိုင်