ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း)ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ခြင်းတောင်းရက်လုပ်ခြင်း သင်တန်းဖွင့်လှစ်

သင်္ဃန်းကျွန်း ဇန်နဝါရီ ၁၈

အမျိုးသမီးများ၏ဘဝဖွံ့ဖြိုးတိုးတက်စေရန်၊ မိမိကိုယ်ကိုယုံကြည်မှုရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း)ရုံး လူထုအခြေပြုဗဟိုဌာနတွင် ခြင်းတောင်းရက်လုပ်ခြင်းသင်တန်းကို ယနေ့နံနက် (၁၀)နာရီ အချိန်က ဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်လှလှနွယ်က ခြင်းတောင်းရက်လုပ်ခြင်းသင်တန်း ဖွင့်လှစ်ပေးရခြင်း ရည်ရွယ် ချက်ကိုရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြဆရာမ ဗိုလ်တထောင်ခရိုင်အမျိုးသမီး ရေးရာအဖွဲ့အတွင်းရေးမှူး ဒေါ်စန်းစန်းနွဲ့မှ ခြင်းတောင်းရက်လုပ်ရာတွင် အသုံးပြုရမည့် ပစ္စည်းများအားရှင်းလင်းပြောကြားပြီး သင်တန်းသူများကို လက်တွေ့သင်ကြားပေးခဲ့သည်။ အဆိုပါသင်တန်းကို ၁၈.၁.၂၀၂၃ ရက်နေ့မှ ၁၉.၁.၂၀၂၃ ရက်နေ့အထိ သင်ကြားပေး မည်ဖြစ်ပြီးသင်တန်းသား(၂၀)ဦးတက်ရောက်ကြောင်းသိရှိရသည်။

ခရိုင်(ပြန်/ ဆက်)