ပေါင် ဇန်နဝါရီ ၁၈
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး (Talk Show) ပြုလုပ်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့ နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက (Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားသည်။
ထို့နောက် ပေါင်မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှုး ဦးကျော်ဇင်ဟိန်းက မီးဘေးအန္တရာယ် အကြောင်းသိကောင်းစရာများ၊ မီးဘေးကြုံတွေ့လာပါက မီးသတ်ဦးစီးဌာနအနေဖြင့် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများ၊ မြို့နယ်အနေဖြင့် မီးဘေးအန္တရာယ်နှင့်ပတ်သတ်ပြီးလိုအပ်သည်များကို ဆောင်ရွက်ထားရှိမှု ၊ကြိုတင်ပြင်ဆင်ထားရှိမှုများ၊ ပြည်သူများအနေဖြင့် မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများအပြင် ရေကန်များတွင်ရေဖြည့်ထားကြရန် စသည့်အချက်များကို လိုက်နာဆောင်ရွက်ပေးခြင်းစသည့် အကြောင်းအရာများကို အကျယ်တစ်ဝင့်ဆွေးနွေးခဲ့သည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် (Talk Show) ပြုလုပ်ခြင်းဖြင့် ပြည်သူများအသိပညာများ တိုးပွားစေရန်ရည်ရွယ်ပါသည်။
မြို့နယ်(ပြန်/ ဆက်)