ဒေါပုံမြို့နယ်အတွင်းရှိ ပညာ့ခေါင်းလောင်းသံစာကြည့်တိုက်သို့ မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဝင်များ ကွင်းဆင်းကြည့်ရှု

ရန်ကုန်      ဇန်နဝါရီ      ၁၈

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ရပ်ကွက်ပြည်သူ့စာကြည့်တိုက်များ ရေရှည်တည်တံ့ခိုင်မြဲစေရေးနှင့်ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် သင်္ဘောကျင်းရပ်ကွက်ရှိ ပညာ့ခေါင်းလောင်းသံစာကြည့်တိုက်သို့ မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဝင်များက ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

ထိုသို့ကွင်းဆင်းကြည့်ရှုရာတွင် ဒေါပုံမြို့နယ် စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူးဒေါ်ချစ်စုဝေက ပညာ့ခေါင်းလောင်းသံစာကြည့်တိုက်ကော်မတီဝင်များနှင့်တွေ့ဆုံကာ စာကြည့်တိုက်အတွင်း စာအုပ်စာစောင်များခင်းကျင်းထားသိုမှု၊ ပရိဘောဂများခင်းကျင်းမှုနှင့် စာဖတ်သူများအတွက် လေဝင်၊ လေထွက်ကောင်းမွန်မှုများကို အကြံပြုဆွေးနွေးခဲ့ပြီး စာကြည့်တိုက်ကို နေ့စဉ်ဖွင့်ချိန်၊ ပိတ်ချိန် ပုံမှန်ထားရှိမှုအခြေအနေများကိုပါ ကြည့်ရှု့ခဲ့သည်။ ထို့နောက် ပညာ့ခေါင်းလောင်းသံ စာကြည့်တိုက် ကော်မတီဝင်များက စာကြည့်တိုက်တွင် စာအုပ်၊ စာစောင်များတိုးပွားရေးနှင့် စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)