နမ့်ဆန်မြို့ ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသား/သူများ စာအုပ်စာစောင်များ နေ့စဉ် လာရောက်ငှားရမ်းဖတ်ရှု

နမ့်ဆန် ဇန်နဝါရီ ၁၈

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ တွင်ကျောင်းစာအပြင် ပြင်ပဗဟုသုတရှာဖွေရန် စိတ်ဝင်စားသည့် ကျောင်းသား/သူများအနေဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်၍ စာပေဖတ်ရှုလေ့လာသူများ တစ်နေ့ထက်တစ်နေ့ များလာကြောင်း သိရသည်။

ပြည်သူ့စာကြည့်တိုက်တွင်သုတ/ရသစာအုပ်များ၊ ကလေးများအကြိုက် ရုပ်ပြကာတွန်းများ၊ ပုံပြင်စာအုပ်များ အပတ်စဉ်ထုတ်ရွှေသွေးဂျာနယ်၊  တိုင်းရင်းသားရိုးရာရုပ်ပြပုံပြင်စာအုပ်များ၊ ကလေးများ အကြိုက်ပြိုင်ပွဲများ၊ စာကြည့်တိုက်ကို ဗဟုသုတရှာဖွေရာနေရာတစ်ခုအဖြစ် ဖွင့်လှစ်ထားရှိသည့်အပြင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဆွေးနွေးပွဲများ၊ Talk Show များနှင့် ပြိုင်ပွဲများပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ပြည်သူ့စာ ကြည့်တိုက်အတွင်းရှိ ကလေးစာဖတ်ခန်းကို  ကလေးများ စာပေများကို ဖတ်ရှုလေ့လာစေရန်အတွက် သီးသန့် ဆောင်ရွက်ထားပြီး ကလေးစိတ်ကြိုက်ပုံပြင်ပြောပြခြင်း၊ အရုပ်ဆက်ခြင်း၊ အရုပ်ခေါက်ခြင်း၊ မှတ်ဉာဏ် စွမ်းရည်ပြိုင်ပွဲ၊ စသည့်  ကာယ၊ ဉာဏဖွံ့ဖြိုးတိုးတက်စေမည့် ပြိုင်ပွဲများကို လစဉ် ပြုလုပ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)