ကျောက်တန်း ဇန်နဝါရီ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း အဒွတ္တောကျေးရွာတွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်ထိ အရင်းအတိုးငွေကျပ် (၅၃၅၁၈၈၀၀)ရရှိပြီး ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့မှ (၁၀)ကြိမ်မြောက်မွေးမြူရေး (၅၈)ဦး၊ အရောင်းအဝယ် (၉၅)ဦး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း(၆၄)ဦး၊ စုစုပေါင်းချေးငွေထုတ်ချေးသည့် ဦးရေ (၂၁၇)ဦး၊ ချေးငွေကျပ် (၅၁၉၆၀၀၀၀)အား ချေးငွေကာလ ၁၂ လအတိုးနှုန်း(၁)ကျပ်နှုန်းဖြင့် ချေးငွေထုတ်ချေးနေမှုအား (၁၇-၁-၂၀၂၃) ရက်နေ့တွင်။ ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းလတ်နှင့်ဝန်ထမ်းများမှ ကွင်းဆင်းစစ်ဆေးကြီးကြပ်ခဲ့ပါသည်။
ကျောက်တန်းမြို့နယ်သည် ကျေးရွာအုပ်စု (၄၅)အုပ်စု ကျေးရွာပေါင်း(၈၀)ရွာရှိပြီး မြစိမ်းရောင်စီမံကိန်းအနေဖြင့် စိုက်ပျိုးရေးမွေးမြူရေး ရေလုပ်ငန်း၊ အရောင်းအဝယ် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများဖြင့် စုစုပေါင်းဦးရေ (၈၇၈၃)ဦးအား နိုင်ငံတော်မှ စုစုပေါင်း ထောက်ပံ့ငွေကျပ်(၁၁၇၀.၀)သန်းနှင့် ယနေ့အချိန်ထိ အတိုးရငွေကျပ် (၁၂၃၇.၃၇၁၉၃၄)သန်း စုစုပေါင်း အရင်း+အတိုး ငွေကျပ်(၂၄၀၇.၃၇၁၉၃၄)သန်းရရှိထားပြီး အတိုးရငွေ(၅၀%) ငွေကျပ်(၃၁၆.၁၃၂၀၅)သန်းအားကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နိုင်ခဲ့ပြီးအရင်းငွေကျပ်(၁၇၇၉.၇၈)သန်းအား အတိုးနှုန်းသက်သာစွာဖြင့် ကျေးလက်နေပြည်သူများအတွက် တစ်ပိုင်တစ်နိုင်ဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် လူမှုစီးပွါးဘဝဖွံ့ဖြိုးတိုးတက်လာစေရန်ချေးငွေများ ထုတ်ချေးပေးလျက်ရှိကြောင်း သတင်းရရှိသည်။
မြို့နယ် ပြန်/ဆက်