တောင်ဥက္ကလာပ ဇန်နဝါရီ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Myancopharm) အပိုဆောင်းထိုးနှံပေးခြင်းကို ယမန်နေ့နံနက် (၉း၀၀)နာရီကစ၍ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းစုရပ်နှင့် မြင်သာမြို့ ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းစုရပ်တို့၌ ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲမှူးဦးစို့ညွှန့်ဦး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အေးအေးမိုး၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်အေးဝင်းတို့ကကြီးကြပ်ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်တွင် အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Myancopharm အပိုဆောင်းထိုးနှံပေးလျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Myancopharm အပိုဆောင်းထိုးနှံသူကျောင်းသား၊ ကျောင်းသူ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ (၂၈၇)ဦး၊ အမှတ်(၆)အခြေခံပညာမူလတန်းကျောင်းမှ(၁၃၉)ဦး၊ အမှတ်(၂၁) အခြေခံပညာမူလတန်းကျောင်းမှ(၁၂)ဦး၊ OiAC ကိုယ်ပိုင်းကျောင်းမှ (၁၈၆)ဦး၊ အမှတ်(၁၈)အခြေခံပညာမူလတန်းကျောင်းမှ(၁)ဦး စုစုပေါင်း အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းစုရပ်၌ (၆၂၅)ဦး၊ Teacher Thu Zar ကိုယ်ပိုင်ကျောင်းမှ(၇၀)ဦး၊ မြင်သာမြို့ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ (၄၂၃) ဦး၊ မြတ်ရတနာဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ(၂၂)ဦး စုစုပေါင်းမြင်သာမြို့ဦး ဘုန်းတော်ကြီး သင်ပညာရေးကျောင်းစုရပ်၌(၅၁၅)ဦး စုစုပေါင်း(၁၁၄၀)ဦးအား အပိုဆောင်းထိုးနှံပေးခဲ့ကြောင်း၊ ဆေးထိုးရန်ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သတင်းရရှိသည်။
ခင်ဆွေနှင်း(ပြန်/ ဆက်)