တရုတ်နိုင်ငံ၊ တရုတ်-မြန်မာစီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ နှာခေါင်းစည်း စုစုပေါင်း(၈)သောင်းပေးအပ်လှူဒါန်း

မူဆယ်  စက်တင်ဘာ ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်(လားရှိုး)အတွက် တရုတ်နိုင်ငံ၊ တရုတ်-မြန်မာစီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အသင်းမှ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအတွက် ကျန်းမာရေးအထောက်အကူပြု နှာခေါင်းစည်း စုစုပေါင်း(၈)သောင်းပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက်(၈)နာရီခွဲအချိန်ခန့်က မူဆယ်မြို့၊ မြန်မာ-တရုတ်နှစ်နိုင်ငံအဝင်/အထွက်ဂိတ်(နန်းတော်ဂိတ်)၌ လာရောက်ပေးအပ် လှူဒါန်း သည်။

အဆိုပါနှာခေါင်းစည်းများကို တရုတ်နိုင်ငံ၊ ရွှေလီမြို့၊ ဒုတိယမြို့တော်ဝန်မစ္စတာစန်းချွိရန်၊ ရွှေလီမြို့၊ ပြည်ပဆက်ဆံရေးဌာနမှူး မစ္စတာထန်ဟွေကန်နှင့် တရုတ်နိုင်ငံ၊ တရုတ်-မြန်မာစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ တာဝန်ရှိသူများ က လာရောက်ပေးအပ်ရာ မူဆယ်ခရိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှိုင်စိုးသန့်က လက်ခံခဲ့သည်။

ဆက်လက်ပြီး နှာခေါင်းစည်းများကို မူဆယ်ခရိုင်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်(လားရှိုး) တို့အတွက်(၄)သောင်းစီ လာရောက်ပေးအပ်လှူဒါန်းခြင်းဖြစ်ပြီး ကျန်းမာရေး အထောက်အကူပြု နှာခေါင်းစည်းများ လာရောက် ပေးအပ်လှူဒါန်းမှုအတွက် မူဆယ်ခရိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူးက ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်းသိရသည်။

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)