မုဒုံမြို့နယ် ကတုံးပေါ်ကျေးရွာတွင် မြစ်ကမ်းပါး ပြိုကျမှုကြောင့် လူနေအိမ် (၃) လုံး ဖျက်ရွှေ့ထားပြီး အိမ်ထောင်စု (၂၇) စုအား ဘေးလွတ်ရာသို့ ပြောင်းရွှေ့

မုဒုံ စက်တင်ဘာ ၂၅

မွန်ပြည်နယ် မုဒုံမြို့နယ် ကတုံးပေါ်ကျေးရွာတွင် ယမန်နေ့ ညနေ ၃ နာရီအချိန်ခန့်က မိုးသည်းထန်စွာ ရွာသွန်းပြီး  ကတုံးပေါ်ချောင်းအရှေ့ကွက် သစ်မြစ်ကမ်းပါးမြေပြိုမှု ဖြစ် ပွားခဲ့ကြောင်းသတင်းရရှိသည်။

အဆိုပါ မြေပြိုမှုဖြစ်ပွားရာသို့ မုဒုံမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ် ဦးစီးမှူးဦးမြင့်ဦး ဦးဆောင်၍ မီးသတ် တပ်ဖွဲ့ဝင် သန္ဓေ(၁၃)ဦးနှင့် ကျေးရွာရှိ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက မြေပြိုမှုဖြစ်ပွားရာနေရာရှိ လူနေအိမ်(၃) အိမ်ကို ဖျက်ရွှေ့ထားပြီး အိမ်ထောင်စု (၂၇) စုကို    ဘေးလွတ်ရာသို့ အရေးပေါ်ယာယီပြောင်းရွှေ့ ဆောင်ရွက်လျက် ရှိကြောင်း  ကနဦး  သတင်းရရှိသည်။

အောင်မျိုးသူ(ပြန်/ဆက်)