ကျောက်တံတား ဇန်နဝါရီ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်၌ လူဦးရေစာရင်း မှန်ကန်စေရေး မြေပြင်ကွင်းဆင်း၍ တိုက်ဆိုင်စစ်ဆေးရန် ရပ်ကွက်များအတွင်း တစ်အိမ်တက်ဆင်း စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ဇန်နဝါရီ ၉ ရက်နေ့မှစ၍ ရပ်ကွက် များအတွင်း ယနေ့အထိ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျောက်တံတားမြို့နယ်တွင် ရပ်ကွက်(၉)ခု၊ ကောက်ကွက် (၃၆)ကွက်တွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်မှူးများနှင့် စာရေးများ၊ ရာအိမ်မှူးများနှင့် စေတနာ့ဝန်ထမ်းများပါဝင်သည့် စာရင်းကောက်ယူရေးအဖွဲ့များဖြင့် ရပ်ကွက်များအလိုက် သတ်မှတ်ပုံစံများဖြင့် မြေပြင်ရှိ လူဦးရေစာရင်းများကို လိုက်လံကောက်ယူလျက်ရှိပြီး၊ ဇန်နဝါရီလ ၉ ရက်နေ့မှ ဇန်နဝါရီလ ၁၆ ရက်နေ့အထိ ကောက်ခံရရှိသည့် စာရင်းများအား မြေပြင်လူဦးရေစာရင်းကောက်ယူခဲ့မှု အပေါ်ကောက်ကွက်အလိုက်ပြန်လည်စိစစ်ခြင်း လုပ်ငန်းများကို စာရင်းကောက်အဖွဲ့များမှ စိစစ်ဆောင်ရွက်လျက်ရှိရာ အဆိုပါနေရာများသို့ ကျောက်တံတားမြို့နယ် မြေပြင်စာရင်းကွင်းဆင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအဖွဲ့များ ရပ်ကွက်များအလိုက်ကြီးကြပ်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)