မော်လမြိုင် ဇန်နဝါရီ ၁၇
မွန်ပြည်နယ်တွင် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ MSMEs Talk Show စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ပြည်နယ်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ MSME စီးပွားရေးလုပ်ငန်းရှင်များ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတွင် အသေးစားလုပ်ငန်းများအတွက် ပထမဆုံးသော “Think Small First” ရည်မှန်းချက်ဖြင့် ၂၀၀၈ ခုနှစ် ဇွန်လတွင် အသေးစားစီးပွားရေး လုပ်ငန်းဥပဒေကို ရေးဆွဲပြဌာန်းပြီး အမေရိကန်နိုင်ငံတွင် ၁၉၅၃ ဇူလိုင်လ (၃၀)ရက်နေ့တွင် “အသေးစား စီးပွားရေးအက်ဥပဒေ” ကိုလည်းကောင်း၊ ၁၉၅၈ ခုနှစ်တွင် အမေရိကန်လူမျိုးများလုပ်ငန်းများ စတင်တည်ဆောက်လုပ်ကိုင်ရန်နှင့် လုပ်ငန်းများကြီးထွားလာစေရန် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ၏ (၁/၂၀၂၂)ကြိမ်မြောက် အစည်းအဝေးတွင် "ကုန်ထုတ်လုပ်မှုလုပ်ငန်းများသည် ထုတ်လုပ်မှုမရှိဘဲကျန်လုပ်ငန်းများကို ဆောင်ရွက်၍မရနိုင်ကြောင်း၊ ရောင်းဝယ်ရေးလုပ်ငန်းများလည်း ကုန်ပစ္စည်းမရှိဘဲရောင်းဝယ်မှုမပြုလုပ်နိုင်ကြောင်း၊ ထုတ်လုပ်မှုနှင့် ရောင်းဝယ်မှုတို့ရှိမှသာလျှင် ထုတ်လုပ်မှုလုပ်ငန်းကို အခြေခံသည့် MSMEများကို အခြေခံဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ထုတ်လုပ်မှုနှင့်ပတ်သက်၍ ဦးစားပေး(က)အုပ်စုသည် မိမိတို့နိုင်ငံတွင် အခြေခံကုန်ကြမ်းပစ္စည်းများ အားလုံးရှိကြောင်း၊ ထိုလုပ်ငန်းများအောင်မြင်မည် ဖြစ်လာနိုင်ကြောင်း MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲများပြုလုပ်ခြင်းဖြင့် ဒေသအသီးသီးရှိ လုပ်ငန်းရှင်များ အချင်းချင်း စည်းလုံးညီညွတ်မှု၊ ချစ်ခင်ရင်းနှီးမှု၊ ဗဟုသုတများဖလှယ်ရရှိမှု၊ ဈေးကွက်ချိတ်ဆက်မှုများရရှိလာစေပြီး စိတ်ကူးအသစ်များ အကောင်အထည်ဖော်ရန်နှင့် ဈေးကွက်အသစ်များတီထွင်ဆန်းသစ်သော ထုတ်ကုန်အသစ်၊ အတွေ့အကြုံအသစ်များ၊ အထောက်အကူပြုစေပြီး လူမှုစီးပွားဘဝတိုးတက်ရန်နှင့် အထောက်အကူပြုစေနိုင်ရန် မွန်ပြည်နယ် အစိုးရအဖွဲ့ MSME အေဂျင်စီ၏’ MSME Talk Show စကားဝိုင်းဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့သည့်အချက်များမှာ ပြည်နယ်တွင်းအစိုးရအဖွဲ့နှင့်ဌာနဆိုင်ရာများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ဖြစ်ပြီး ရေတိုရေရှည်စီမံချက်များနှင့် ဆောင်ရွက်သွားပါက များစွာအကျိုးဖြစ်ထွန်းသောရလဒ်များ ထွက်ပေါ်လာမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရ တာဝန်ရှိသူများ၊ MSME လုပ်ငန်းရှင်များက မှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူး၍ Talk Show စကားဝိုင်းဆွေးနွေးပွဲကိုကျင်းပရာ မော်လမြိုင်ပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်ဝင်းသိင်္ဂီကျော်က Moderator အဖြစ် ဆောင်ရွက်ပြီး ဌာနအလိုက် စက်မှုနှင့် MSME ကဏ္ဍ၊ မြေယာကဏ္ဍ၊ ရင်းနှီးမြှပ်နှံမှုကဏ္ဍ၊ နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ စျေးကွက်ရရှိရေးကဏ္ဍ၊ အခွန်ကဏ္ဍ၊ ဘဏ်လုပ်ငန်းများကဏ္ဍ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးကဏ္ဍ၊ ပုဂ္ဂလိကလုပ်ငန်းကဏ္ဍစသည့်ကဏ္ဍများဖြင့် ဆွေးနွေးကြပြီး တက်ရောက်သူများ၏ မေးမြန်းချက်များကိုလည်း ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)