သာစည်မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီးမံကိန်း(VDP)ဖြင့်ဆောင်ရွက်သည့်ကျေးရွာတွင်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား  တာဝန်ရှိသူများကကွင်းဆင်းကြည့်ရှု့စစ်ဆေး

မိတ္ထီလာ၊ ဇန်နဝါရီ ၁၇

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ကျောင်းရွာကျေးရွာတွင်ကျေးရွာဖွံ့ဖြိုးရေးစီးမံကိန်း(VDP) ဖြင့် ဆောင်ရွက်သည့်ကျေးရွာတွင်လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းအားယမန်နေ့ကတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

သာစည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှကျေးလက်နေ ပြည်သူများစုပေါင်းဆောင်ရွက်တက်သည့်အလေ့အကျင့်ကောင်းများရရှိပြီး ကျေးရွာလိုအပ်ချက်ကိုကျေးရွာသူကျေးရွာသားများကိုယ်တိုင်စီမံကိန်းရေးဆွဲ၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက်ကိုယ်တိုင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် ကျေးရွာဖွံ့ဖြိုးရေးစီးမံကိန်း(VDP)ကိုအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်မတည်ရန်ပုံငွေ သိန်း(၁၀၀)နှင့် ကျေးရွာပြည်သူလူထုမှထည့်ဝင်ငွေ ကျပ်သိန်း(၃၀)ဖြင့်   မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှကြီးကြပ်ပြီး  ကျေးရွာသူကျေးရွာသားများ၏စုပေါင်းအားဖြင့် အရှည်ပေ ၇၀၀ အကျယ် ၁၂ပေ  ထု ၆ လက်မရှိ  ကျေးရွာတွင်းလမ်းအားကွန်ကရစ်ခင်းခြင်း လုပ်ငန်းကိုဆောင်ရွက်လျက်ရှိရာ ၎င်းလုပ်ငန်းများမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝင့်ဝါဖြူ(နည်းပညာ)၊ မိတ္ထီလာ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူး ဒေါ်မြင့်ဝင်းနှင့် တာဝန်ရှိသူများကကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ပြီးလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးပြီးဖြစ်၍   ကျေးရွာရှိအိမ်ခြေ ၁၄၆ အိမ်၊ လူဦးရေ ၆၃၂တို့မှာ ရာသီမရွေးသွားလာရအဆင်ပြေတော့မည်ဖြစ်ကြောင်း   သိရသည်။

သိန်းမြင့်ကျော်  မိတ္ထီလာ