ဒဂုံမြို့သစ်‌(မြောက်ပိုင်း)မြို့နယ်၌ မြို့နယ်ကြက်ခြေနီအသင်းခွဲ T.T.O ငွေရတုခန်းမသစ်ဖွင့်ပွဲအထိမ်းအမှတ် စတုဒီသာလှူဒါန်းပွဲကျင်းပ

ဒဂုံမြောက် ဇန်နဝါရီ  ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊  မြို့နယ်ကြက်ခြေနီအသင်းခွဲ T.T.O ငွေရတုခန်းမသစ်ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် (T.T.O Co,Ltd)မှ စတုဒီသာလှူဒါန်းပွဲကို ယမန်နေ့ညနေ ၃ နာရီခွဲက အမှတ်(၁၀၀၂ ၊ ၁၀၀၃)၊ ရာဇဓိရာဇ်လမ်း၊ (၃၈)ရပ်ကွက်ရှိ မြို့နယ်ကြက်ခြေနီအသင်းခွဲရုံးရှေ့တွင် ကျင်းပသည်။

လှူဒါန်းပွဲတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊  မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့မှူးဦးသန်းအောင်မိုးနှင့် တပ်ဖွဲ့ဝင်အင်အား(၈၀)ကျော်တို့က T.T.O ငွေရတုခန်းမရှေ့တွင် ရပ်ကွက်နေပြည်သူများအား စတုဒီသာထမင်းဟင်း(ကြက်သား၊ ကြက်ပဲနှင့် ငရုတ်သီးသုတ်) တို့ဖြင့် ယမန်နေ့ညနေ ၃ နာရီခွဲမှ ၅ နာရီအထိ ကျွေးမွေးဧည့်ခံခဲ့ကြောင်းသတင်းရရှိသည်။

အဆိုပါ စတုဒီသာလှူဒါန်းပွဲသို့ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ခရမ်းမြို့နယ်တို့မှကြက်ခြေနီတပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးခဲ့ကြပြီး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးမှ “ယခုကဲ့သို့ လှူဒါန်းရခြင်းသည် ပြည်သူများ၏ စေတနာအားပြန်လည်တုံ့ပြန်သောအားဖြင့် ဆောင်ရွက်သော စတုဒီသာလှူဒါန်းပွဲပင်ဖြစ်ကြောင်း”ပြောကြားသည်။

မြင့်မြင့်ရီ