မိုင်းငေါ့မြို့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

မိုင်းငေါ့ ဇန်နဝါရီ ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက်(၁၀)အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်က   ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောရာတွင် ကလေးငယ်များလူကုန်ကူးခံရ၍ ခိုင်းစေခံရသည့် ဖြစ်စဉ်များ၊ ကလေးငယ်များအ‌ ပေါ် လုပ်အား ခေါင်းပုံဖြတ်ခံရမှုမရှိစေရန်အတွက် ကလေးအလုပ်သမားပပျောက်ရေးကို အလေးထား ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး အ.မ.က မန်လုံကျောင်းမှ ဆရာဦးအာကာမင်းက ကလေးလုပ်သားပပျောက်ရေး ကြောင်းကျိူး ညီညီတိုက်ဖျက်ပေး ခေါင်းစဉ်ဖြင့်ဟောပြောခဲ့ပြီး အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အ.မ.က တာလုံ ကျောင်းနှင့် အ.မ.က မန်လုံကျောင်းမှ ဆရာ၊ဆရာမနှင့် ကျောင်းသား၊ကျောင်းသူ (၄၂) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)