ငါ့သရောက်မြို့တွင်  မြေပဲ၊ နှမ်းများ ဆီကြိတ်ရောင်းချနေ၍ ဆီကြိတ်ဆုံလုပ်ငန်းလုပ်ကိုင်သူများ အဆင်ပြေလျက်ရှိ

ငါ့သရောက်မြို့ ဇန်နဝါရီလ ၁၇

မန္တလေးတိုင်းဒေသကြီး၊ ငါ့သရောက်မြို့တွင် ပွင်လင်းရာသီ ရောက်ရှိလာသည်နှင့် မိမိတို့ စိုက်ပျိုးထားရရှိထားသော နှမ်းနှင့်မြေပဲများကို ဆီကြိတ်ရောင်းချနေသောကြောင့် ဆီကြိတ်ဆုံလုပ်ငန်း လုပ်ကိုင်သူများအဆင်ပြေလျက်ရှိကြောင်းသိရသည်။

ငါ့သရောက်မြို့သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်လျက်ရှိသောမြို့ဖြစ်သည့် အလျောက် ဆီးထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်းနုတို့အပြင် ပဲစင်ငုံ ၊ ပဲတီစိမ်းတို့ကိုလည်း စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။ ယခုလို စိုက်ပျိုးရေးလုပ်ငန်းများ သိမ်းစည်းပြီးချိန်တွင် မိမိတို့ စိုက်ပျိုးရရှိထားသောမြေပဲများကို ဆီကြိတ်၍သော်လည်းကောင်း၊ မြေပဲများကို ကြော်၍လှော်၍ သော်လည်းကောင်း စသည်ဖြင့် အမျိုးမျိုးပြုလုပ်ရောင်းချလျက်ရှိပြီး၊ မြေပဲဆံ၊နှမ်း တစ်တင်းဆီ ကြိတ်လျင် (၈)ပိဿာ အထိထွက်ရှိပြီး ၊ ဆီတစ်ပိဿာကို (၁၂၀၀၀)ကျပ်အထိရရှိသောကြောင့် ဆီ ကြိတ်ရောင်းချလျက်ရှိကြောင်းသိရသည်။ ငါ့သရောက်မြို့မှ ထွက်ရှိသော ဆီများ၊ နှမ်းဖက်၊ မြေပဲဖက်များကို ပခုက္ကူမြို့၊ ညောင်ဦးမြို့များသို့ တင်ပို့ရောင်းချက်ရှိကြောင်း သိရသည်။ ဆီကြတ်ဆုံလုပ်ငန်း လုပ်ကိုင်သူများကလည်း မိမိတို့မြေပဲ၊ နှမ်းများအပြင် အခြားအငှားလာရောက်ကြိတ်သူများ ရှိပါက မြေပဲဆံ၊ နှမ်းတစ်တင်ကြိတ်လျှင် (၅၀၀၀) ကျပ်နှုန်းဖြစ် အငှာကြိတ်ပေးလျက်ရှိရာ တစ်ရက်လျင် မြေပဲဆံ ၃ တင်းမှ ၄ တင်းအထိပြီးစည်းပြီ တစ်ရက်လုပ်အားခ ၁၅၀၀၀ မှ ၂၀၀၀၀ အထိရရှိသောကြောင့် လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ငါ့သရောက်မြို့ ဆည်ကျေးရွာ ဆီကြိတ်ဆုံလုပ်ငန်းလုပ်ကိုင်သူ ဦးနိုင်ဝင်းထံမှ သိရသည်။

P.W.A(ပြန်/ဆက်)