လဲချားမြို့နယ်တွင် လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုများ လျှော့ချနိုင်ရေး ကွင်းဆင်းဆောင်ရွက်

လဲချား ဇန်နဝါရီ ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှု (Losses)များ လျှော့ချနိုင်ရေး၊ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး၊ လျှပ်စစ်ဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ရေး၊ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ လျှော့ချနိုင်ရေးနှင့် တရားမဝင် ဓာတ်အားသုံးစွဲမှုများ  စိစစ်ဖော်ထုတ်အရေးယူနိုင်ရေးတို့အတွက် ယနေ့နံနက်(၈)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးသူရိန်နှင့် ဝန်ထမ်းများ က လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် ဓာတ်အားပြတ်တောက်မှု လျှော့ချနိုင်ရေးအတွက်  ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ တရားမဝင်ဓာတ်အားသုံးစွဲမှုများ စိစစ်ဖော်ထုတ်အရေးယူနိုင်ရေးနှင့် ဓာတ်အားပျောက်ဆုံးမှု (Losses)များ လျှော့ချနိုင်ရေး၊ ရပ်ကွက်များအတွင်း တပ်ဆင်အသုံးပြုလျက်ရှိသော မီတာများအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများကို  သတ်မှတ်ရက်များအလိုက် ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ၏ ပြောကြားမှုအရ သိရသည်။

မြို့နယ် (ပြန်/ဆက်)