ဆီဆိုင်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံပေး

ဆီဆိုင် ဇန်နဝါရီ ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် အသက် ၅ နှစ်မှ အသက် ၁၂ နှစ်အရွယ်ရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဇန်နဝါရီ ၁၆ ရက် နံနက် ၉ နာရီက နောင်ကျောကျေးရွာအုပ်စု၊ ဘုရားဖြူကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း၌ ထိုးနှံပေးခဲ့သည်။      

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့်အဖွဲ့ဝင်များက အသက် ၅ နှစ်မှ အသက် ၁၂ နှစ်အရွယ်ရှိ ကျောင်းသား၊ ကျောင်းသူများအား စာရင်းမှတ်တမ်းကောက်ယူခြင်း ကိုယ်အပူချိန်တိုင်းတာခြင်း၊ Oximeter တိုင်းတာခြင်း၊ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံနေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်းကို ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်အခြေခံပညာကျောင်းများရှိ ဆရာ/ဆရာမတို့ပူးပေါင်း၍ အသက် ၅ နှစ်မှ အသက် ၁၂ နှစ်အရွယ်ရှိ ကျောင်းသား၊ ကျောင်းသူ(၂၀၀၀)ဦးအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်းနှင့် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆက်လက် ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

ဆီဆိုင်(ပြန်/ဆက်)