ပုဏ္ဏားကျွန်းမြို့နယ်၌ သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်

ပုဏ္ဏားကျွန်း ဇန်နဝါရီ ၁၇

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ်အတွက် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်ပွဲကို ယမန်နေ့၊ နေ့လယ် ၁ နာရီက ပုဏ္ဏားကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ ထောက်ပံငွေ ပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမောင်စံဝင်းက နိုင်ငံတော်မှ သက်ကြီးဘိုးဘွားများအတွက် လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ ၂၀၂၂ ခုနှစ်၊ (ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ)လများ အတွက် လူမှုရေး ပင်စင်ခံစားခွင့်ရှိသော အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ၇၉၉ ဦးအတွက် တစ်ဦးလျှင် (၃၀၀၀ဝိ/) နှုန်းဖြင့် ငွေကျပ်(၂၃၉၇၀၀၀ဝိ)တိတိကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကနှင့် အဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရဲမင်းဇံတို့က သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

ဆက်လက်၍ နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သော လူမှုရေးပင်စင် ခံစားခွင့်ရှိသည့် ရပ်ကွက်/ကျေးရွာ အုပ်စု(၈၈)အုပ်စုမှ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၇၉၉)ဦးအတွက် ထောက်ပံ့ငွေများကို အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်သွားမည် ဖြစ်ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)