မိုင်းခုတ်မြို့၊ ဝမ်ကောင်းကျေးရွာ၊ အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ

မိုင်းခုတ် ဇန်နဝါရီ ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ဝမ်ကောင်းကျေးရွာ၊ အခြေခံပညာမူလတန်း (လွန်)ကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဉီးစွာ အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူလေးများက ''မြန်မာ့ကျောင်း''သီချင်းဖြင့် သီဆို ဖွင့်လှစ်ခဲ့ပြီး ကျောင်းအကျိုးတော်ဆောင် ဆရာမဒေါ်လုဒီက အဖွင့်အမှာစကား ပြောကြားသည်။ ယင်းနောက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် (A)အဆင့်ဖြင့် အောင်မြင်သော Grade-1 မှ Grade-5 အထိ ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူတို့က ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက အကပဒေသာများဖြင့် ကပြဖျော်ဖြေတင်ဆက်ရာ အခမ်းအနားတက်ရောက်လာသူများက ဂုဏ်ပြုဆုတော်ငွေများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)