ပျဉ်းမနား ဇန်နဝါရီ ၁၇
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ Working Group မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ဝဲကြီးကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ပျဉ်းမနားမြို့နယ် (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူနိုင်ရေးလုပ်ငန်းစဉ် တစ်ရပ်လုံးပြီးမြောက်အောင်မြင်စေရေးအတွက် စာရင်းကောက်ယူရေးအဖွဲ့များက ဝဲကြီးကျေးရွာအတွင်းရှိ အိမ်ထောင်စုများမှ လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များ မှန်ကန်စေရေး၊ မြေပြင်လူဦးရေစာရင်းများ တိကျမှန်ကန်စေရေး၊ လူဦးရေဆိုင်ရာ စာရင်းအချက်အလက်များနှင့် မသန်စွမ်း(၅)မျိုးစာရင်းအား တစ်အိမ် တက်ဆင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူ ခဲ့ကြသည်။
ပျဉ်းမနားမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် Working Group မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူနေမှုများအား မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့ နောက်ဆုံးထား၍ စာရင်းကောက်ယူ သွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)