ပျော်ဘွယ်မြို့နယ် ရုံးဝန်ထမ်းများ လုပ်ငန်းကျွမ်းကျင်မှု ရှိစေရေး Microsoft Excel သင်တန်း ဖွင့်လှစ်ပို့ချ

ပျော်ဘွယ် ဇန်နဝါရီ ၁၇

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျော်ဘွယ်မြို့နယ်ရုံးတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းကျွမ်းကျင်မှု ရှိစေရေး Microsoft Excel အသုံးပြုနည်း ယနေ့ နံနက်(၉)နာရီခွဲမှစတင်ကာ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက ရုံးလုပ်ငန်းများတွင် ကွန်ပျူတာဖြင့် လုပ်ငန်းများ ဆောင်ရွက်နေရခြင်းဖြစ်သောကြောင့် စာရင်းဇယားများ ရေးဆွဲရာတွင်အသုံးဝင်သည့် Microsoft Excel ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရန်အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်းကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ သင်တန်းနည်းပြဖြစ်သူ မြို့နယ်ဦးစီးမှူးဒေါ်စန်းစန်းကြူက Microsoft Excel အသုံးပြုနည်းကို မြို့နယ်ရုံးရှိ ဝန်ထမ်းလေးဦးအား ကွန်ပျူတာဖြင့် လက်တွေ့သင်ကြားပြသပေးခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)