တာချီလိတ်မြို့၌ ထုတ်လုပ်ဖြန့်ဖြူးနေသော မုန့်လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

တာချီလိတ်  ဇန်နဝါရီ  ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း ထုတ်လုပ်ဖြန်ဖြူးနေသော မုန့်လုပ်ငန်းများအား ကျန်းမာရေးနှင့်ညီညွတ်သော မုန့်များထုတ်လုပ်ဖြန့်ဖြူးရောင်းချရေး၊ ကုန်အမှတ်တံဆိပ်များ ပြည့်စုံစွာပါရှိရေးနှင့် လုပ်ငန်းများ စနစ်တကျ မှတ်ပုံတင်နိုင်ရေးတို့အတွက် ဇန်နဝါရီ ၁၇ ရက် နံနက်ပိုင်းက တာဝန်ရှိသူတို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးအသိပညာပေးခြင်းကို ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာရေးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မုန့်ထုတ်လုပ်သော ကုန်ကြမ်းနှင့်လုပ်ငန်းခွင်များ ကျန်းမာရေးနှင့် ညီညွတ်မှုရှိ/မရှိ၊ ကုန်အမှတ်တံဆိပ်များ ပြည့်စုံစွာပါရှိမှုရှိ/မရှိနှင့် လုပ်ငန်းများ မှတ်ပုံတင်ထားခြင်းရှိ/မရှိတို့ကို စစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန်းဇော်(ပြန်/ဆက်)