ဒဂုံမြောက် ဇန်နဝါရီ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ အမှတ်(၁၅)၊ (၁၆)၊ (၁၉)၊ (၂၂)၊ (၂၃)၊ (၂၅)အခြေခံပညာမူလ တန်းကျောင်းများတွင် ယမန်နေ့နံနက် ၉ နာရီအချိန်က ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose)ကျောင်းအခြေပြု (၅နှစ်မှ၁၂နှစ်ထိ)အား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဦးစီးမှူး ဒေါက်တာတင်မူမြင့်နှင့် ကျန်းမာရေးဝန်ထမ်းများမှ ကျောင်းသား(၃၃၇) ကျောင်းသူ (၃၅၆) စုစုပေါင်း (၆၉၃)အား (Sinopharm) အမျိုးအစား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose)အား ထိုးနှံပေးခဲ့ပြီး ပြည်သူ(၅၀)ဦးအား ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) များကို မင်္ဂလာအေးကျောင်းတိုက်နှင့် အမှတ်(၄၈)ဒေသန္တရကျန်းမာရေးဌာနတို့တွင် ထိုးနှံပေးခဲ့သည်။
ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင် အဆင်ပြေချောမွေ့ လုံခြုံစေရေးအတွက် တာဝန်ရှိသူများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
မြင့်မြင့်ရီ (ပြန်/ ဆက်)