လှိုင်သာယာ(အနောက်ပိုင်း) စက်တင်ဘာလ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် ၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ ကိုဗစ်−ရောဂါ ကူးစက်ပျံ့နှံမှုမရှိစေရန်နှင့် ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ရည်ရွယ်၍ ရပ်ကွက်/ကျေးရွာ များအတွင်း နေထိုင်ကြသော အများပြည်သူများအား Stay at Home နေထိုင်ကြရန် ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဌာနမှ ဦးဆောင်၍ သက်ဆိုင်ရာရပ်ကွက် /ကျေးရွာများ အလိုက် အသံချဲ့စက်ဖြင့် လှည့်လည် နှိုးဆော်သည်။
ထိုသို့ အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ရာတွင် ရပ်ကွက်/ကျေးရွာအတွင်း နေထိုင်ကြသော ပြည်သူများအနေဖြင့် Stay at Home နေထိုင်ကြရန် ၊ မဖြစ်မနေ ဈေးဝယ်ထွက်ပါက တစ်အိမ်လျှင် တစ်ဦးသာသွားရောက်ရန်၊ ဆေးရုံဆေးခန်းသွားရောက်ရန်ရှိပါက တစ်အိမ်လျှင်နှစ်ဦးသာ သွားရောက်ရန်၊ နေအိမ်ပြင်ပသို့သွားလာလျှင် ပါးစပ်/နှာခေါင်းစည်း Mask တပ်ဆင်ရန် နှင့် ကျန်မာရေးနှင့် အားကစား ဝန်ကြီးဌာန ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအတိုင်း တိကျစွာ လိုက်နာ ဆောင်ရွက်ကြရန် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
မြသန္တာဝင်း(ပြန်/ဆက်)