သန်လျင် စက်တင်ဘာ ၂၄
ရန်ကုန်တောင်ပိုင်းခရိုင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဝင်းအောင်သည် ယနေ့နံနက်တွင် သန်လျင်မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသော ကိုဗစ်-၁၉ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများအား ကြည့်ရှု့စစ်ဆေးသည်။
ရှေးဦးစွာ ခရိုင်ကိုဗစ်-၁၉ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌသည် သန်လျင်မြို့နယ်အတွင်း ရပ်ကွက်ကျေးရွာများ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွန်ကြားချက်များနှင့်အညီ အသွားအလာ ကန့်သတ်ဆောင်ရွက်ထားရှိမှုများ၊ မြို့မဈေးကြီးအတွင်း ဈေးရောင်းဈေးဝယ်နေသူများ သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရေး၊ သန်လျင်အထက(၄)တွင် ဖွင့်လှစ်ဆောင်ရွက်မည့် ဖျားနာကုသဆောင် ပြင်ဆင်ဆောင်ရွက်နေမှု၊ သူနာပြုသင်တန်းကျောင်းဝင်းရှိ အဆောင်များတွင် နေရာချထားဆောင်ရွက်နေမှုတို့အား လိုက်လံကြည့်ရှု စစ်ဆေးရာ မြို့နယ်ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုထွန်းနှင့် ကော်မတီဝင်များ၊ လူမှုရေးအသင်း အဖွဲ့များမှ တာဝန်ရှိသူများနှင့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများက ဆောင်ရွက်လျက်ရှိသည့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များနှင့် စပ်လျဉ်း၍ ခရိုင်အုပ်ချုပ်ရေးမှူးက အချိန်နှင့်တပြေးညီ ဆောင်ရွက်ရသော လုပ်ငန်းဖြစ်၍ တိကျမှန်ကန်သော သတင်းအချက်အလက်များ အချိန်မီပေးပို့ရေး၊ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကိုအား ထည့်ဆောင်ရွက်ရေး ဆွေးနွေးမှာကြားပြီး လုပ်ငန်းလိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
သန်လျင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နှိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော Stay at Home ညွန်ကြားချက်များအား တိကျစွာ လိုက်နာ ဆောင်ရွက်သွားရန်နှင့် ရောဂါပျံ့နှံမှုမရှိစေရေး ဘက်ပေါင်းစုံမှ အဖွဲ့များခွဲကာ ကြိုးပမ်း ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
သန်းဝင်း(သန်လျင်)