ကျေးသီး စက်တင်ဘာ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရပ်ကွက်/ကျေးရွာ စာရေးဝန်ထမ်းများ အား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးမြင့်ဝေက ရပ်ကွက်/ကျေးရွာ စာရေးများ အနေဖြင့် ရုံးဖွင့်ရက်များတွင်သာမက (စနေ၊တနင်္ဂနွေ) ရုံးပိတ်ရက် များတွင်လည်း လုပ်ငန်းလိုအပ်ချက်အရ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်မှုအပေါ် အသိအမှတ်ပြုသောအားဖြင့် ထောက်ပံ့ငွေပေး အပ်ချီးမြှင့်ခြင်း ဖြစ်ကြောင်းနှင့် ၂၀၂၀ ပြည့်နှစ် သြဂုတ်လ (၁) ရက်နေ့မှ စက်တင်ဘာလ (၃၀) ရက်နေ့ အထိ (စနေ၊ တနင်္ဂနွေ) ရက်ပေါင်း (၁၉)ရက် တွက် တစ်ရက် လျှင်(၄၈၀၀/-)ဖြင့် စုစုပေါင်း ငွေကျပ် (၉၁၂၀၀/-)ကို ထောက်ပံ့ပေးခြင် ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးမြင့်ဝေက မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု စာရေး(၄၃)ဦးအား တစ်ဦးလျှင် ထောက်ပံ့ငွေ ကျပ် (၉၁၂၀၀/-)ကို သက်ဆိုင်ရာ ဝန်ထမ်းများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး ကျေးသီးမြို့နယ်အတွင်း ရပ်ကွက်၊ကျေးရွာအုပ်စုများတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်တွင် အသုံးပြုရန်အတွက် ကိုယ်အပူချိန်တိုင်း ကိရိယာ(၄၃)ခု အား ရပ်ကွက်/ကျေးရွာ အုပ်စုစာရေးထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
သဲစုပိုင်(ပြန်/ဆက်)