မုဒုံ စက်တင်ဘာ ၂၄
မွန်ပြည်နယ်မုဒုံမြို့နယ် ကမာဝက်မြို့အတွင်းရှိ သွားလာကန့်သတ်ထားသည့် သိမ်ကုန်း ရပ်ကွက် အိမ်ထောင်စုများ အတွက် ယမန်နေ့က အလှူငွေများနှင့် အဝတ်နှာခေါင်းစည်း Mask များကို မေတ္တာစံအိမ် (Day Care Family) ကိုဗစ်-၁၉ ကာကွယ်ရေးအဖွဲ့မှ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါရပ်ကွက်တွင် သွားလာကန့်သတ်ခြင်းကို စက်တင်ဘာ(၂၃)ရက်နေ့ ည(၈)နာရီမှစ၍ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ထုတ်ပြန်ထားပြီး ရပ်ကွက်အတွင်းရှိ အိမ်ထောင်စု (၂၀၀)စုအတွက် ငွေကျပ်(၅)သိန်းနှင့် အဝတ်နှာခေါင်းစည်း Mask (၂၀၀၀)ခု၊ စုစုပေါင်း ငွေကျပ်(၁၀) သိန်းကို မေတ္တာစံအိမ်အသင်းမှ တာဝန်ရှိသူများက ပေးအပ်လှူဒါန်းခဲ့ရာ မုဒုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ဇော်ဦးကလက်ခံပြီး အိမ်ထောင်စု (၂၀၀)အတွက် ဆန်၊ ဆီ၊ ငါးသေတ္တာနှင့် ကြက်ဥများပေးအပ်မည် ဖြစ်ကြောင်းသိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)