မူဆယ် ဇန်နဝါရီ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၊ အခြေခံပညာမူလတန်း (လွန်)ကျောင်းတွင် ယနေ့ နံနက် ၉ နာရီအချိန်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ကျင်းပခဲ့သည်။
အဆိုပါ ပညာရေးစုံညီပွဲတော်တွင် မူဆယ်မြို့ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်သန်းဦးက ပညာရေးစုံညီပွဲတော်ပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် အဘက်ဘက်မှ ထူးချွန်ထက်မြက်သည့် ကျောင်းသား/သူများ ဖြစ်ပေါ်လာစေရေးအတွက် အမှာစကားပြောကြားခဲ့ပြီး တာဝန်ခံ (မူလွန်) ကျောင်းအုပ်ဦးအောင်စိုးကလည်း ကာယ၊ ဉာဏ၊ စာရိတ္တတို့နှင့် ပြည့်စုံသော ထူးချွန်ထက်မြက် သည့် ကျောင်းသား/သူများဖြစ်စေရေးနှင့် ဘက်စုံထူးချွန်သည့် ကျောင်းသား/သူများ ဖြစ်ပေါ်လာ စေရန် မိဘ၊ ဆရာ၊ ကျောင်းသား/သူများ စုပေါင်းညီညွတ်စွာ ကြိုးစားအားထုတ်ရမည်ဖြစ်ကြောင်း ဖြည့်စွက်ဆုံးမဩဝါဒစကား ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး ရပ်ကွက်ဥက္ကဋ္ဌ ဦးစိုင်းအိုက်သန်းက လည်း တက်ရောက်လာသော ကျောင်းသူ/သားများကို ဂုဏ်ပြုအားပေးစကား ပြောကြားခဲ့ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အတန်းလိုက် ထူးချွန်ဆုရရှိသော ကျောင်းသား/သူများ၊ မြို့နယ်ပညာရည်ချွန်ဆုရရှိသူများကို မူလွန်ကျောင်းအုပ်ဆရာကြီးနှင့်တကွ ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ဂုဏ်ပြုလွှာနှင့် ဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။
အယ်လ်စိုး(မူဆယ်)