ကျောက်မဲ ဇန်နဝါရီ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် လူမှုဝန်ထမ်းဦးစီးဌာနတွင် ဇန်နဝါရီလဆန်းပိုင်းက လူမှုသဟဇာတနှင့် လူမှုပေါင်းစည်းရေးဆိုင်ရာ ဆင့်ပွားသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် လူမှုဝန်ထမ်း၍ဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းရီမှ အဖွင့်အမှာစကား ပြောကြားပြီး သင်တန်းတွင် လူမှုကျွမ်းဝင်ရင်းနှီးပေါင်းစပ်မှု၏ အစိတ်အပိုင်းများ၊ လူမှုကျွမ်းဝင်ရင်းနှီးပေါင်းစပ်မှုအား လုပ်ငန်းတိုင်းတွင် ထည့်သွင်းဆောင်ရွက်ရန်၊ လူ့အခွင့်အရေးနှင့် လူမှုကျွမ်းဝင်ရင်းနှီးပေါင်းစပ်မှု စသည့် အကြောင်းအရာများ အပါအဝင် အကြောင်းအရာ ၁၉ ခုကို သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို ဇန်နဝါရီလ ၂ ရက်နေ့မှ ၆ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး ကျောက်မဲမြို့နယ်မှ စေတနာ့ဝန်ထမ်း ၃၀ ဦး တက်ရောက်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)