လှည်းကူး ဇန်နဝါရီ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ လူဦးရေစာရင်းမှန်ကန်ရေး မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်း ကောက်ယူခြင်းကို ယနေ့ နံနက်(၈)နာရီက မြို့နယ်အတွင်းရှိ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စုများ အလိုက်ဆက်လက်ကွင်းဆင်း ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်စာရေး၊ ရာအိမ်မှူး၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများပါဝင်သည့် စာရင်းကောက်ယူရေးအဖွဲ့များက မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများအလိုက် သတ်မှတ်စာရင်းပုံစံများဖြင့် လိုက်လံကောက်ယူလျက်ရှိ သည်။
အဆိုပါ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရာသို့ မြို့နယ် (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ရပ်ကွက်/ကျေးရွာများ အလိုက်လိုက်လံကြီးကြပ်ကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)