ကွမ်းလုံ ဇန်နဝါရီ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ ကျောင်းသား၊ ကျောင်းသူများ ဘက်စုံ ဖွွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပန်းချီဆွဲပြိုင်ပွဲကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ရာ ကျောင်းသား ကျောင်းသူ (၂၀) ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ ပန်းချီဆွဲပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အိဇာချိုက ပြိုင်ပွဲ၏ စည်းမျဉ်းစည်းကမ်းများအကြောင်းကို ရှင်းပြခဲ့ပြီး ကျောင်းသား/ကျောင်းသူ များမှ မိမိတို့ကြိုက်နှစ်သက်ရာ ပုံများဖြင့် ပန်းချီအား ရေးဆွဲယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် ကျောင်းသား/ကျောင်းသူများက စာအုပ်စာစောင်ပြပွဲတွင် ခင်းကျင်းပြသထားသည့် စာအုပ်များအား ကြည့်ရှုခဲ့ကြပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် မိမိတို့ကြိုက်နှစ်သက်ရာ စာအုပ်စာစောင်များကို ငှားရမ်းဖတ်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)