We Love Sanchaung အဖွဲ့မှ အသွားအလာ ကန့်သတ်ထားသော အိမ်ထောင်စုများကို အခြေခံစားသောက်ကုန်များ လှူဒါန်း

စမ်းချောင်း စက်တင်ဘာ ၂၄

ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာလ မြို့နယ်အတွင်းရှိ (၃)ရက်အတွင်း lockdown ဖြစ်သွားသော မိသားစု(၅၀)ကျော်အတွက် We Love Sanchaung အဖွဲ့မှ အခြေခံစားသောက်ကုန် (၉)မျိုးကို ယမန်နေ့ ညနေပိုင်းက အိမ်ရှေ့အရောက် သွားရောက် လှူဒါန်းခဲ့ပါသည်။

ထိုသို့လှူဒါန်းရာတွင် We Love Sanchaung အဖွဲ့မှ ၃ ရက်အတွင်း lockdown ဖြစ်သွားသော မိသားစု (၅၀)အတွက် တစ်အိမ်ထောင်လျှင် ဆန် ၃ ပြည်၊ ဆီ ၅၀ သား၊ ကြက်ဥ ၁၀ လုံး၊ အာလူး ၁ပိသာ၊ ကြက်သွန် ၁ပိသာ၊ ငါးသေတ္တာ ၅ ဘူး၊ ကြက်သားမှုန့် ၅ ထုပ်၊ ငပိကြော် ၁ ဘူး၊ ငါးနီတူခြောက် ၁ ထုပ်၊ ဖြင့် စုစုပေါင်း ပစ္စည်း ၉ မျိုး ကို အိမိထောင်စု ၅၀ သို့ အိမ်ရှေ့အရောက်  လှူဒါန်းပေးခဲ့ပြီး ထိုသို့သော လှူဒါန်းမှုမျိုးကို We Love Sanchaung နှင့် မြို့နယ်အတွင်းရှိ အလှူရှင်များ ပူးပေါင်းကာ မကြာခဏ လှူဒါန်းလျက်ရှိကြောင်း သိရှိရသည်။

ခင်ချောစုဝင်း (ပြန်/ဆက်)