မော်လမြိုင် စက်တင်ဘာ ၂၄
မွန်ပြည်နယ်၊ အစိုးရအဖွဲ့ရုံး လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်း၏ ရုံးခန်းတွင် ယနေ့နံနက်ပိုင်း၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မွန်ပြည်နယ်မှထူးချွန်စွာ အောင်မြင်ခဲ့သောကျောင်းများနှင့် (၃) ဘာသာနှင့်အထက် ဂုဏ်ထူးရရှိသော ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ချွန်ဆုချီးမြှင့်ရန်အတွက် မွန်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းက ဆုချီးမြှင့်ငွေ(၁၅၇၃)သိန်းအား ပေးအပ်ရာ မွန်ပြည်နယ်ပညာရေးမှူး ဒေါက်တာချိုချိုမြတ်အောင် က လက်ခံရယူခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူပေါင်း (၃၀၅၇၈)ဦး ဖြေဆိုခဲ့ရာ (၁၀၆၀၄) ဦး အောင်မြင်ခဲ့ပြီး (၃၄.၇၁%) ပြည်နယ်နှင့်တိုင်းအလိုက် အောင်ချက် တတိယအဆင့် အောင်မြင်ခဲ့ကြောင်း ပညာရေးဌာနမှ သိရသည်။
ပြည်နယ်(ပြန်/ဆက်)