ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါထပ်ဆောင်း ကာကွယ်ဆေးဆက်လက်ထိုးနှံပေး

ဆိပ်ကြီးခနောင်တို ဇန်နဝါရီ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဆက်လက်ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးများကို သတ်မှတ်ဦးစားပေးအုပ်စုအလိုက် ဆက်တိုက်ထိုးနှံပေးလျက်ရှိရာ အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီမှစ၍ ခနောင်တိုအရှေ့ရပ်ကွက်ရှိ အမှတ်(၃)အခြေခံပညာမူလတန်းကျောင်းတွင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ  ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ်သူနာပြုဆရာမကြီး ဒေါ်ခင်ပပလွင်ဦးဆောင်၍ သူနာပြုဆရာမများနှင့် ကျန်းမာရေးဝန်ထမ်များက အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး Sinopharm  ဆက်လက်ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ သက်ဆိုင်ရာကျောင်းအုပ်ဆရာမကြီးနှင့်   ဆရာ၊ ဆရာမများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေးကို ‌မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၅)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၃၁၁၁ ဦးအား ထိုးနှံပေးသွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် ကျောင်းသား၊ ကျောင်းသူ ၂၆၀ ဦးအားထိုးနှံပေးပြီးဖြစ်၍ ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း သက်ဆိုင်ရာကျောင်းများအလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝေယံ(IPRD)