အင်းစိန်မြို့နယ်၊ ကြက်ခြေနီအသင်းခွဲသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် PPE ဝတ်စုံနှင့် နှာခေါင်းစည်း(Mask)များ လာရောက်လှူဒါန်း

ရန်ကုန် စက်တင်ဘာ  ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် လိုအပ်သည်များတွင် အသုံးပြုနိုင်စေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်၊ ကြက်ခြေနီအသင်း ခွဲ သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် PPE ဝတ်စုံနှင့် နှာခေါင်းစည်း(Mask)များ လာရောက် လှူဒါန်းခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က အင်းစိန်(GTI) ကန့်သတ်စောင့်ကြည့်ရေး စင်တာတွင် လာရောက်လှူဒါန်းခဲ့သည်။

လှူဒါန်းရာတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ကုသရေး လုပ်ငန်းစဉ်များတွင် လိုအပ်သည့် နေရာ များတွင် အသုံးပြုနိုင်စေရန်အတွက် အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်၊ (၁၀)မိုင်၊ ၉၄/မြကန် သာလမ်းနေ ဦးဘိုဘိုအောင် မိသားစုမှ (၅)သိန်းတန်ဖိုးရှိ PPE ဝတ်စုံနှင့် နှာခေါင်းစည်း (Mask)များ လာရောက်လှူဒါန်းရာ အင်းစိန်မြို့နယ်၊ ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးစည်သူဇော်၊ မြို့နယ်တပ်ဖွဲ့မှူး ဦးနီထွန်းနှင့်တပ်ဖွဲ့ဝင်များက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။

အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)