နောင်ချို စက်တင်ဘာ ၂၄
ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် အ.ထ.က(၁)တွင် Quarantine ဝင်ရောက်နေသော အမျိုးသမီး (၇)ဦးအား လူမှုဝန်ထမ်းဦးစီးဌာနမှ အသုံး အဆောင်ပစ္စည်းများကို ယနေ့နံနက် ၁၁:၃၀ နာရီ အချိန်က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထောက်ပံ့ပေးအပ်ရာတွင် အသုံးအဆောင်ပစ္စည်းများဖြစ်သည့် လက်ဆွဲအိတ်၊ လက်နှိပ်ဓါတ်မီး၊ ဆပ်ပြာခရင်၊ လက်ဆေးဆပ်ပြာခဲ၊ လက်သန့် ဆေးရည်၊ သွားတိုက်ဆေး / တံ၊ မျက်နှာသုပ်ပဝါ၊ ဖုန်းဘေလ်နှစ်ထောင် စသည်တို့ကို နောင်ချိုမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းမော်နှင့် ဝန်ထမ်းများက Quarantine Centre တွင် စောင့်ရှောက်မှုပေးနေသော အရန်မီးသတ်တပ်ဖွဲ့ဝင်များမှတစ်ဆင့် ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။
အဆိုပါ အသုံးအဆောင်ပစ္စည်းများကို ကုလသမဂ္ဂ လူဦးရေရံပုံငွေအဖွဲ့ (UNFPA)မှ ပေးပို့လာမှုအပေါ် လူမှုဝန်ထမ်းဦးစီးဌာနက ထပ်ဆင့် ထောက်ပံ့ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထွေးငယ် (နောင်ချို၊ပြန်/ဆက်)