နွားထိုးကြီးမြို့နယ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးညှိနှိုင်း အစည်းအဝေးကျင်းပ

နွားထိုးကြီး စက်တင်ဘာ ၂၄

နွားထိုးကြီးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြို့နယ် ကိုဗစ် -၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ညှိနှိုင်းအည်းအဝေးကို ယနေ့ နံနက် ၉နာရီခွဲအချိန်က ကျင်းပ ပြုလုပ်ခဲ့ ကြောင်းသိရသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ထူးအောင်မှ ရန်ကုန်တိုင်းဒေသကြီး၊ရခိုင် ပြည်နယ်မှ ပြန်လာသူများ၊ ပြည်ပမှလာသူများကို  Facility Ouarantine ထားရှိနိုင်ရေး၊ နှာခေါင်း၊ အာခေါင်တို့မှ  တို့ပတ် (Swab) ကိုစနစ်တကျ ရယူရန်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အထူးကုသ ဆောင်တွင် Positive လူနာ(၄)ဦးအထိထားနိုင်ပြီး ပိုမိုများ လာပါက ဝန်ထမ်းအိမ်ယာအသစ် ၄ထပ် ဆောင်သစ် မြေညီထပ်တွင် ဖွင့်လှစ်ဆေးကုသပေးမည်ဖြစ်ပြီး Facility Ouarantine ထားရှိသူများ ကိုလည်း ကျန်ရှိနေသောအလွှာများတွင်ထားရှိမည်ဖြစ်သည်။ အစားအစာနှင့် သောက်သုံးရေလို အပ် ပါက အရေးပေါ်လှေကားမှဆင်း၍ ယူနိုင်ကြောင်း ပြည်တွင်းဖြစ်သည့် ရန်ကုန်နှင့် ရခိုင်ပြည်နယ် တို့ မှပြန်လာသူများရှိပါက ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ထံ သတင်းပေးပို့ရမည် ဖြစ်သည်။ နွားထိုးကြီးမြို့တွင် ခရီးသွားလာခွင့်ကို  လိုအပ်မှသွားရန်နှင့် ခရီးသွားခွင့် ပိတ်ထားခြင်းမရှိကြောင်းကို လည်း ပြောကြားခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ထူးအောင်၊တိုင်း ဒေသကြီးလွှတ်တော် ကိုယ်စား လှယ် ဦးစိန်ကျော်မိုး၊မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်ငြိမ်းနှင့် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး အဖွဲ့များတက်ရောက်ခဲ့ကြောင်းသိရ သည်။

သန်းအောင်ဇော်