မင်္ဂလာတောင်ညွန့် ဇန်နဝါရီ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့် မြို့နယ်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် မြန်မာ့ဂုဏ်ရည်လမ်းအား ကတ္တရာကွန်ကရစ်ခင်းခြင်းလုပ်ငန်းခွင်သို့ ယနေ့နံနက် ၉ နာရီအချိန်ကမြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြသိန်းထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ လိုက်ပါ၍ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
မြန်မာ့ဂုဏ်ရည်လမ်း ကတ္တရာကွန်ကရစ်ခင်းခြင်းကို အင်ဂျင်နီယာဌာန (လမ်းတံတား) မှတာဝန်ယူ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ လမ်းအရှည် ၁၃၅၀ ပေ× ၂၆ ပေ × ၂လက္မ နှင့် လမ်းအရှည် ၃၇၅ ပေ × ၃၉ ပေ × ၂ လက္မကို ကတ္တရာကွန်ကရစ်ခင်းခြင်း လုပ်ငန်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါလမ်းခင်းခြင်းလုပ်ငန်းကို ယခုလ ၁၄ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုလ ၁၆ ရက်နေ့တွင်အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြို့နယ် (ပြန်/ ဆက်)