ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာပေဝါသနာရှင်များက စာဖတ်ဝိုင်းပြုလုပ်

နေပြည်တော် ဇန်နဝါရီ ၁၄

စာအုပ်စာပေများဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့်အတွေးအမြင် ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် နေပြည်တော် စာရေးဆရာများ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များက ကလောင်စုံရေးသားထားသည့် "ကိုယ်တိုင်တည်ဆောက်သူများ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌   ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က စာဖတ်ဝိုင်း ပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြာကြားပြီး စာအုပ်ပါ အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာကြသည့် စာရေးဆရာများ၊ စာရေးဆရာမများဖြစ်ကြသည့် ဦးစောမျိုးအောင် (အိုင်ပီမျိုးအောင်)၊ ဦးခင်မောင်ကျော် (ရဲမွန်ကျော်)၊ ဦးစောဦး(ဈာန်-စွမ်းအင်)၊ ဦးလင်းထွဋ် (ကိုလင်း အညာမြေ)၊ ဦးဝင်းနိုင်(ရွှေလက်ပံ့)၊ ဦးကျော်လွင်မြင့်(မှော်ဝန်း)၊ ဦးဌေးဦး(နွေးဦးကိုကို)၊ ဦးအောင်ဝေး (အောင်ဝေး-ညောင်ခြေထောက်)၊ ဦးကျော်ဇော (ရှင်မတောင်နံသာမြေ)၊ ဦးရဲလင်းအောင်(မောင်လေပြေ-တောင်တွင်း)၊ ဒေါ်ခင်အုန်းဦးတို့က  “ကိုယ်တိုင် တည်ဆောက်သူများ  စာအုပ်တွင်ပါဝင်သည့် အကြောင်းအရာ အချက်အလက်များကို မိမိတို့၏သဘောထားအမြင်များ၊ သုံးသပ်ချက်များဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ ကြကြောင်းသိရသည်။

အောင်ကို(ပြန်/ဆက်)