ကသာ စက်တင်ဘာ၂၄
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကသာမြို့၌ ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး ရုံးသစ်ဖွင့်ပွဲ အခမ်းအနားအား ယနေ့ နံနက် (၉) နာရီ အချိန်က အဆိုပါ ရုံး မုဒ်ဦးရှေ့၌ ကျင်းပသည်။
အခမ်းအနားတွင် ကသာခရိုင် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးတင့်ဝေသုံ၊ လူဝင်မှုကြီးကြပ်ရေနှင့် ပြည်သူ့အင်အားဆိုင်ရာ ခရိုင်ဦးစီးမှူး ဦးထွန်းအောင်ကျော်၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအံကျောနှင့် ခရိုင်ရွေးကောက်ပွဲ အရာရှိ ဦးအောင်မင်းဦးတို့က ရုံးသစ်အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ခဲ့ပြီး ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး အား ဆိုင်းဘုတ်သစ်အား အမွေးနံ့သာရည်ဖြင့် ပက်ဖျန်းခဲ့သည်။
အဆိုပါ ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးသစ် သည် ပြည်ထောင်စု ဘဂျက်ခွင့်ပြုငွေ(၄၉.၂) သန်းဖြင့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဩဂုတ်လတွင် ဆောက်လုပ်ပြီးစီးခဲ့ရာ အလျား (၄၈)ပေ၊ အနံ (၃၆)ပေ နှင့် အမြင့် (၁၂) ပေ ရှိသော RC တစ်ထပ် အဆောက်အဦ ဖြစ်ကြောင်း သိရသည်။
ရုံးသစ်ဖွင့်ပွဲသို့ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များ နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး များတက် ရောက်ခဲ့ပြီး လူစုလူဝေး မဖြစ်စေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၏ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပ ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
နိုင်လင်းထက်(ပြန်/ဆက်)