ဟိုပုံး စက်တင်ဘာ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့နံနက် ၈နာရီချိန် က စတင်၍ မြို့ပေါ်(၆)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၂)အုပ်စုတို့တွင် လှည့်လည် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုတစ်နေ့ထက်တစ်နေ့ မြင့်မားလာနေ ခြင်းတို့ကြောင့် ဟိုပုံးမြို့နယ်နေ ပြည်သူများအနေဖြင့် ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်စေရန်အတွက် မိမိတို့၏ နေအိမ်အတွင်း၌ သာ နေကြရန်၊ မဖြစ်မနေ နေအိမ်မှ ပြင်ပသို့ထွက်ပါက နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ပြီးမှသာ ထွက်ကြရန်၊ လူစုလူဝေး ပြုလုပ်ခြင်းများ မပြုလုပ်ကြရန်၊ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များ၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့မှ ထုတ်ပြန်ထားသည့် ပြည်သူများသို့ ပန်ကြားချက်များ၊ ကိုဗစ်-၁၉နှင့် ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန်အချက်များကို တိကျစွာလိုက်နာ ဆောင်ရွက်ကြရန် မြို့ပေါ်(၆)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၂)အုပ်စုအတွင်းသို့ မြို့နယ်အဆင့်ဌာန ဆိုင်ရာမျာ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့၊ စာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူးတို့က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့မှ ထုတ်ပေးထားသည့် Hand speaker ဖြင့် လှည့်လည်အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
နေမင်းထွန်း(ဟိုပုံး)