သံဖြူဇရပ် ဇန်နဝါရီ ၁၃
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီကအမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားကို အ.ထ.က(၁) ကျောင်းမှ ကျောင်းသား/ သူများက "စုံညီပွဲတော် ဒို့နွှဲ ပျော်" သီချင်းဖြင့် ဖျော်ဖြေဖွင့်လှစ်ပြီး၊ ရှေဦးစွာဒုတိယ မြို့နယ်ပညာရေးမှူး ဦးသိန်းထွန်းက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ အ.ထ.က(၁)အငြိမ်းစားကျောင်းအုပ်ဆရာကြီး ဦးမြင်ဦးက ပညာရေးဆိုင်ရာများအား ချပြရှင်းလင်းပြောကြားသည်။
ထို့နောက် ကာယ၊ ဉာဏထူးချွန်ဆုရရှိခဲ့သည့် ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ကျောင်းသား ကျောင်းသူများအား အခမ်းအနားသို့ တက်ရောက်လာကြသည့် ဒုတိယမြို့နယ်ပညာရေးမှူး ဦးသိန်းထွန်း၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းမာ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသားမိဘများမှ ထူးချွန်ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား/ ကျောင်းသူလေးများက အကအလှများဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
မိုးစည်သူ(ပြန်/ ဆက်)