မရမ်းကုန်း စက်တင်ဘာ ၂၄
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မရမ်းကုန်းမြို့နယ် အမှတ်(၇)ရပ် ခရစ်ယာန် ရဟန်းဖြစ်တက္ကသိုလ်နှင့် အမှတ်(၂)ရပ်ကွက် အထက ၁ ကျောင်းတို့တွင် ဖွင့်လှစ်ထားရှိသည့် Quarantine Center များအတွက် အလှူငွေများအား ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးသို့ လာရောက်လှူဒါန်းခဲ့ကြသည်။
ထိုသို့ အလှူငွေများ လှူဒါန်းရာတွင် အလှူရှင်တစ်ဦးကိုယ်စား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က အလှူငွေကျပ်ခြောက် သိန်း၊ ဦးအောင်ဆန်း(ခ) ဦးအောင်စိုးနှင့်ဇနီး ဒေါ်အေးအေးမာ မိသားစုက ငွေကျပ် သိန်းနှစ်ဆယ်၊ ဦးမောင်မောင်စိုးနှင့် ဇနီးဒေါ်အိအိလင်း မိသားစုက ငွေကျပ်သုံးသိန်း၊ ဦးသိန်းထွန်းနှင့် ဇနီးဒေါက်တာ အိအိသန်း မိသားစုက ငွေကျပ်တစ်သိန်း၊ ဦးကျော်ဇေယျနှင့်ဇနီး ဒေါ်နှင်းဆီမိသားစုက ငွေကျပ်နှစ်သိန်း၊ မြို့နယ်စာရေးဆရာအသင်းက ငွေကျပ် တစ်သိန်းနှင့် မြို့နယ်ဂီတအစည်းအရုံးက ငွေကျပ်တစ်သိန်းစသည်ဖြင့် အသီးသီးလှူဒါန်းခဲ့ကြရာ မြို့နယ်ကိုဗစ်-၁၉ ကော်မတီဥက္ကဋ္ဌ ဦးထွန်းချစ်မှ လက်ခံခဲ့ကြောင်း သိရသည်။
အေးအေးအောင်(ပြန်/ဆက်)