ဇေယျာသီရိ စက်တင်ဘာ ၂၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ စားသောက်ဆိုင် များ ပါဆယ်စနစ်ဖြင့်သာရောင်းချရေး လိုက်လံအသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်ကာမြို့နယ် အတွင်းရှိ ဈေးများနှင့် လူစည်ကားရာနေရာများတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အသိပေးနှိုးဆော်ရာတွင် ဇေယျာသီရိမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးအောင်ဗလဟိန်း ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဌာနနှင့် လူမှုရေးအသင်းအဖွဲ့များက ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် ဆောင်ရွက်လျက်ရှိပြီး ဇေယျာသီရိမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များတွင် ဆိုင်ထိုင်စားစနစ်ဖြင့် ရောင်းချနေခြင်းအား ခွင့်မပြုတော့ဘဲ ပါဆယ် (Take away) စနစ်ဖြင့်သာ ရောင်းချကြရန်၊ နေအိမ်ပြင်ပသို့ထွက်ခွာချိန်နှင့် ဈေးရောင်း/ဈေးဝယ် ဆောင်ရွက်ချိန်တိုင်း နှာခေါင်းစည်းများ တပ်ဆင်ကြရန်နှင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် အသိပညာပေး တေးသီချင်း များ ဖွင့်လှစ်ပေးခြင်းတို့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အေးလင်းထွန်း(ဇေယျာသီရိ၊ ပြန်/ဆက်)