တာမိုးညဲမြို့ (Facility Quarantine Centre) ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ကုတင်အလုံး(၂၀)လှူဒါန်း

တာမိုးညဲ    စက်တင်ဘာ   ၂၄

မူဆယ်ခရိုင်၊ တာမိုးညဲမြို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက (Facility Quarantine Centre) ၌ အသုံးပြုရန်အတွက် ကုတင်အလုံး (၂၀)လှူဒါန်းခြင်းကို ယနေ့နံနက် (၁၁)နာရီအချိန် က တာမိုးညဲမြို့၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လွှဲပြောင်း ပေးအပ်သည်။

တာမိုးညဲမြို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့အုပ်ချုပ်ရေးမှူး ဦးထွန်းနိုင် က “တာမိုးညဲမြို့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ပြည်သူလူထုတွေက လာရောက် လှူဒါန်းထားတဲ့  အလှူငွေတွေထဲကနေ (Facility Quarantine Centre)မှာ အသုံးပြုရန် လိုအပ်နေတဲ့ ကုတင်တွေကို ဝယ်ယူလှူဒါန်းရခြင်းဖြစ်ပါတယ်လို့ ပြောကြားသည်။

တာမိုးညဲမြို့၊ (Facility Quarantine Centre) တွင် လိုအပ်လျက်ရှိသည့် ကုတင်စုစုပေါင်း (၂၀)လုံးအတွက် အလှူငွေများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီ ဥက္ကဋ္ဌ က ပေးအပ်ခဲ့ရာ တာမိုးညဲမြို့၊ တိုက်နယ်ဆရာဝန်ကြီး ဒေါက်တာ ရှိန်ဌေး က လက်ခံခဲ့ကြောင်း သိရသည်။

ဌေးဌေးကြည်(ပြန်/ဆက်)